ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် (၆/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၅) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုအား ခရိုင်/မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခုဒုတိယအကြိမ်မဲစာရင်းများ ကြေညာခြင်းကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျှက်ရှိရာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ယမန်နေ့တွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖယ်ခုံမြို့၌ မဲဆန္ဒရှင်စာရင်းဒုတိယအကြိမ် ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖယ်ခုံမြို့အတွင်းရှိသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ ကြေညာဘုတ်များ၌ ကပ်ထားကြေညာထားကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာမှုကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ် (၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။
Subscribe to