နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ ဇန်နဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဥတ္တရသီရိမြို့၊  နေပြည်တော်- တပ်ကုန်း အမှတ် (၁) လမ်း လမ်းသားပျက်စီးမှုအား ကျောက်ကတ္တရာဖြင့် ပြုပြင်ခြင်းလုပ်ငန်း၊ သီရိမဏ္ဍိုင်လမ်း (သီရိရတနာလမ်းဆုံအနီး) လမ်းသားပျက်စီးမှုများအား ပြုပြင်ခြင်း၊ မြေသားလုပ်ငန်းဆောင်ရွက်နေမှုနှင့် ရာဇဌာနီလမ်း (ဗိုလ်ရှုသဘင်ရှေ့) လမ်းမကြီးအား ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်လမ်းလွှာ ဒီဇိုင်းပုံစံများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ အောက်ခံမြေသားလုပ်ငန်းအား သတ်မှတ် CBR value ရရှိအောင် ဆောင်ရွက်ရန်၊ ခွဲကျောက်များ စီခင်းရာတွင်လည်း နည်းလမ်းတကျ ဆောင်ရွက်ကြရန်နှင့် လမ်းပေါ်တွင် ရေမတင်ကျန်စေရေး လမ်းမျက်နှာပြင် ညီညာအောင် ဆောင်ရွက်ရန်၊ သတ်မှတ် Gradient ရအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

နီလာပြန်/ဆက်