လမ်းမတော်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

၂၀၂၅- ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော် မြို့နယ်အတွင်း ရပ်ကွက်များအလိုက် မဲစာရင်းများကို ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများမှ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိသည်။

မိုးညှင်းမြို့၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများစာရင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာ

ကချင်ပြည်နယ် မိုးညှင်းခရိုင်မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ် ရပ်ကွက်/ကျေးရွာများအလိုက် ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။

မကွေးမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ဒုတိယအကြိမ် ကပ်ထားကြေညာရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်။

အောင်လံမြို့နယ်၌ မဲရုံမှူး/ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၁/၂၀၂၅)ဖွင့်လှစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ရှိ အ.ထ.က(မိုးညို) သရဖူခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

မိတ္ထီလာမြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း (ပထမအကြိမ်)ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာမွမ်းမံသင်တန်း (ပထမအကြိမ်)  ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အထက(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကော့ကရိတ်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အိမ်တွင်းတစ်ပိုင်တစ်နိုင် မိသားစုစီးပွား‌ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမှ ဝင်ငွေများရရှိကာ လူမှုစီးပွားဘဝ မြင့်မားလာစေရေးနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီချိန်က ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to