ကျောက်တန်းမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းများ စတင်ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို အမှတ်(၁)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၊(၂)၊တို့တွင်လည်းကောင်း အမှတ်(၂)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၊(၂)တို့တွင်လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)(၂)တို့တွင်လည်းကောင်းစသည်ဖြင့် ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ ပြည်သူများလာရောက်ကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။ 

လားရှိုးမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကပ်ထားကြေညာခဲ့‌ကြောင်း သိရသည်။

ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာခြင်းနှင့် ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်အသိပေး

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း(၂)တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင် အမည်စာရင်းများကို ယနေ့နို၀င်ဘာ ၂၁ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာပေးထားပြီးဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက်

ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ကျင်းပရာ နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုံစီမံခန့်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းစိုး၊ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် စက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး" အသိပညာပေးခြင်း ဆောင်ရွက်

သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး (မြို့နယ်အဆင့်) အသိပညာပေးဟောပြောပွဲကို  နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်၊ ခေါင်တိုင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ပုလဲခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မော်လမြိုင်မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာ

မော်လမြိုင်မြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ယနေ့တွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်မြို့၊ အ.ထ.က(၂)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (KG)ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန့်ဇော်မောင်တို့သည် ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားရတုခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်အတွက် (KG)ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အခမ်းအနားကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌ ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှု

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ပထမ) အကြိမ်အဖြစ် ၂၁ ရက်အကြာကပ်ထားကြေညာခဲ့ပြီးဖြစ်၍ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် (ဒုတိယ) အကြိမ် မဲစာရင်းများကို ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Subscribe to