သာစည်မြို့ အ.ထ.က (၁) ၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်၊ အသိပညာဗဟုသုတများညာများ တိုးတက်လာစေရန်နှင့် လူအများရှေ့ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တောင်ကြီးမြို့အတွင်း ကက္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ဂနိုင်ကန်(၃)ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်စည်ပင်သာယာရေးဌာန၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်လမ်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့အတွင်း ကက္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ ဒုတိယအကြိမ်မဲစာရင်းများကို ရပ်ကွက်များအလိုက် ယမန်နေ့နံနက်မှစတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။

ပလောက်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများအား ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများ၌ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေးခြင်း (၃) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နိုဝင်ဘာလ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၆) ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ စတင်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၆) အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းများအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများပြုလုပ်၍ ဒုတိယအကြိမ် မဲစာရင်းများအား ယနေ့နံနက်ပိုင်းကစတင်၍ ကြေညာထားရှိသည်။

မြဝတီမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း အသိပေးကပ်ထားကြေညာ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင်ယနေ့နံနက်မှ စတင်ပြီး ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်မဲရုံများတွင် ဒုတိယအကြိမ် ထုတ်ပြန်ကြေညာပေးထား ရာဒေသခံပြည်သူများက မိမိနှင့်မိသားစုဝင်များ၏ အမည်စာရင်းများ မဲစာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိ လာရောက်ကြည့်ရှုခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ် ရေကျော်စျေးနှင့်ရေကျော် City Mark တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်‌တွေ့သရုပ်ပြ

ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီး ကာကွယ်နိုင်ရေး အသိပညာကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက  အမှတ် (၉) ရပ်ကွက်၊ ရေကျော်လမ်းရှိ ရေကျော်စျေးနှင့် ရေကျော် City Markတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာ‌ပေးဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ရွှေဟင်္သာကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများတွင် ယမန်နေ့နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Subscribe to