မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များအား Installation ဆောင်ရွက်

ဖြူး ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် အသုံးပြုမည့်  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား Installation ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်ကစတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြတ်ခိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအေးဇော်အောင်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ မဲရုံတွင်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ အခက်အခဲဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့တပ်ဆင်အသုံးပြုခဲ့ကြောင်းနှင့် MEVM မဲပေးစက်များ installation ပြုလုပ်ခြင်း၊ ဘက္ထရီအားသွင်းခြင်းလုပ်ငန်းစဉ်များအား ဆောင်ရွက်ခြင်း၊ စမ်းသပ်စစ်ဆေးမှုမှ ထွက်လာသော မဲလက်မှတ်များအား ဖျက်ဆီးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)