ပူတာအိုမြို့၌ နယ်လှည့်စာကြည့်တိုက်နှင့်စာအုပ်ပြပွဲကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်ရုံးတို့ ပူးပေါင်းမှုဖြင့် နိုင်ငံ့ဝန်ထမ်းများ အားလပ်ချိန်များတွင် စာပေဗဟုသုတများ လေ့လာဖတ်ရှုနိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့ ခရိုင်စာရင်းစစ်ရုံး၌ ကွင်းဆင်းဆောင်ရွက်သည်။

ထားဝယ်ခရိုင်၊တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု Fire hotspot အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ (ဒုတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ထားဝယ်ခရိုင်၊ တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု Fire hotspot အရေအတွက်များပြားနေခြင်းကိုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ (ဒုတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါတက္ကသိုလ်၏  ငွေရတုခန်းမ၊ ပင်မဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ မဲရုံပြင်ဆင်ထားမှု အခြေအနေအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ လှည့်လည်ကြည့်ရှု

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်​မြို့နယ်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်၊ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့နှင့်အတူ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးတို့လိုက်ပါလျက် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေအား လှည့်လည်ကြည့်ရှုခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆန်၊ ဆီ၊ ဘဲဥနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့်‌ ရောင်းချ‌ပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက် (၁၃)လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဆောင်ရွက်ပေးခဲ့သည်။

ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယမန်နေ့နေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ဒေးဒရဲမြို့နယ်တွင် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား ရပ်ကွက်/ကျေးရွာများသို့ ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)တွင် အသုံးပြုမည့် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက် (၉) နာရီခွဲက စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး တုံကင်စာရွက်ဖြတ်ပိုင်းများ အိမ်တိုင်ရာရောက် ‌ဖြန့်ဝေပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယခုလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိ‌စေရန်နှင့် ဆန္ဒမဲပေး ရာတွင် လွယ်ကူလျင်မြန်စေရေး၊ မဲဆန္ဒရှင်များ၏ မဲစာရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်ရေး တို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် တိုကင်စာရွက်များ လိုက်လံပေးဝေလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၊ (၁၁) လမ်းထိပ်မြို့မဈေးနှင့် ဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to