ယင်းမာပင် ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယခုလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိစေရန်နှင့် ဆန္ဒမဲပေး ရာတွင် လွယ်ကူလျင်မြန်စေရေး၊ မဲဆန္ဒရှင်များ၏ မဲစာရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်ရေး တို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် တိုကင်စာရွက်များ လိုက်လံပေးဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုကင်စာရွက်ဖြတ်ပိုင်းများတွင် မဲရုံအလိုက် မဲဆန္ဒရှင်အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ မဲစာရင်းအမှတ်စဉ်နှင့် မဲရုံအမှတ်ပါရှိသော စာရွက်ဖြတ်ပိုင်းများကို ကျေးရွာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)