မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မုံရွာ ဇန်နဝါရီ ၂၂

မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါတက္ကသိုလ်၏  ငွေရတုခန်းမ၊ ပင်မဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်ထူးက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ နှင့်ပတ်သက်၍ လူငယ်များ၏ တက်ကြွသည့်စိတ် သင်ကြားထားသည့် အတတ်ပညာနှင့် လူကြီးများ၏အတွေ့အကြုံများ ပေါင်းစပ်၍ တိုင်းပြည်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ လူငယ်များ၏အားများ လူကြီးများ၏ အတွေ့အကြုံများနှင့် နိုင်ငံတော်၏ ပံ့ပိုးကူညီမှုများပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ပြီး ဒေသအလိုက်ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည်အခန်းကဏ္ဍသည် အရှိန်အဟုန်ကြီးမားပါကြောင်း။ ဒါ့ကြောင့်ကျင်းပခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကလူငယ်များနှင့် နိုင်ငံတော်အတွက် များစွာအကျိုးရှိမဲ့ဖိုရမ်ဖြစ်ကြောင်း အနှစ်ချုပ်ရှင်းလင်း အမှာစကားပြောကြားပြီး မုံရွာစီးပွားရေးတက္ကသိုလ် ဘောဂဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသဉ္ဇာဝင်းက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ နှင့် ပတ်သက်၍ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာစီးပွားရေးတက္ကသိုလ် စတုတ္ထနှစ်၊ ဝါဏိဇ္ဇဗေဒအထူးပြု ကျောင်းသားမောင်စွမ်းထက်အောင်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ နှင့် ပတ်သက်၍ ယဥ်ကျေးမှုနှင့်အားကစားပေါင်းဖက်ပေး ရေရှည်ငြိမ်းချမ်းရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊  မုံရွာစီးပွားရေးတက္ကသိုလ် တတိယနှစ်ဂုဏ်ထူးတန်း၊ ဘောဂဗေဒအထူးပြုကျောင်းသူ မဆုပြည့်တိုးက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ နှင့် ပတ်သက်၍ (A Public -Private Partnership Pilot Project) ခေါင်းစဥ်ဖြင့်အတွေ့အကြုံများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကြေညာစာတမ်းကို ဖတ်ကြားခဲ့ကာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တက်ရောက်လာသော တာဝန်ရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)