ရန်ကင်းမြို့နယ်၌ နယ်လှည့်တီဘီရောဂါရှာဖွေကုသပေးခြင်း ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များ၊ ပြည်သူများအား ကျန်းမာရေးကောင်းမွန်စေရန် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့်တီဘီရောဂါရှာဖွေကုသခြင်းအား ယမန်နေ့ နံနက်ပိုင်းက အမှတ် ၁၆ ရပ်ကွက် ဘောက်ထော်ဒေသန္တရဆေးခန်းတွင် စစ်ဆေးကုသပေးခဲ့သည်။