သုံးခွမြို့နယ်၌ (MEVM) မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး

ရန်ကုန်တိုင်းဒသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် အသုံပြုရန်အတွက် (MEVM) မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက် ၇ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိသည်။

ကန့်ဘလူမြို့နယ်၌ ကင်းတပ်လက်ဝဲတူးမြောင်း ရေထုတ်ပေါက် ရေတိုက်စားမှု ပြုပြင်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကင်းတပ်လက်ဝဲတူးမြောင်း က/တ ၂၉/၀၀၀ ရှိ ရေထုတ်ပေါက်အထွက်ပိုင်း ရေတိုက်စားမှုအား Gabion box ချ၍ ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

လားရှိုးမြို့တွင် အခမ်းအနားမှူး (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ အခမ်းအနားမှူး (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက  လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

သုံးခွမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး သံလျင်ခရိုင် သုံးခွမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ပင်စင်လစာများကို အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းခတ်မြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်ပညာရေးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်) နီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းဘဲတန်းမြို့နယ်၌ အခွန်အသိပညာပေးဆွေးနွေး

ပန်းဘဲတန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် မြို့နယ်အတွင်းရှိ ကျောက်မျက်ရတနာ/ ရွှေလုပ်ငန်းလုပ်ကိုင်သူများနှင့် ဟိုတယ်/တည်းခိုခန်းလုပ်ငန်းလုပ်ကိုင်သူများအား အခွန်အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။ ထိုသို့ရှင်းလင်းဆွေးနွေးရာတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူးက အခွန်ကဏ္ဍတစ်ရပ်ချင်းအလိုက် အခွန်ထမ်းမှတ်ပုံတင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း၊ ကြိုတင်ခွန်များ ပေးဆောင်ခြင်းနှင့် အခွန်စည်းကြပ်ခြင်းဆိုင်ရာသိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းနှင့် ဒဏ်တပ်ရိုက်မှုဆိုင်ရာ သိကောင်းစရာများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ကလေးဝမြို့အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပေးအပ်ခဲ့သည်။

ခရမ်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ၌ အသုံးပြုမည့် (MEVM) မဲပေးစက်များ စတင်ထုတ်ပေး

ရန်ကုန်တိုင်းဒသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် အသုံးပြုရန်အတွက် (MEVM) မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက် ၉ နာရီက စတင်ပြီးတာဝန်ရှိသူများက ထုတ်ပေးလျက်ရှိသည်။
Subscribe to