ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

ပေါင် ဇန်နဝါရီလ ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်းကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နာယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူ တို့ပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ပဲ၊အာလူး၊ဆီစသည့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်း၊ လိုအပ်သည်တို့ကိုပံ့ပိုးပေးခဲ့ကြသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ စောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဇန်နဝါရီလ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)