အင်းစိန်မြို့နယ်ခန်းမ၌ ၂၀၂၅ ခုနှစ် လူထုအတွင်း ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၅)မှ (၂၃/၂၀၂၅)ထိ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
မြန်မာနိုင်ငံကြက်ခြေနီအသင်း အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲ ၂၀၂၅ ခုနှစ် လူထုအတွင်း ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၅)မှ (၂၃/၂၀၂၅)ထိ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။