ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေး
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေငြာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်း၊ နေ့စဉ်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ကြကြောင်း သိရသည်။