ပလောက်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစ ကလေးငယ်များအားကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ပြည်သူ့ကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် (၄) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ယနေ့နံနက် (၉) နာရီက စတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို အဆိုပါ ပြည်သူ့ကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို   တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

ထားဝယ်မြို့၌ ကျောင်းပြင်ပ ပညာရေးသင်ယူနေသည့်ကျောင်းသူများအတွက် အခြေခံစက်ချုပ် သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးတို့ပူးပေါင်းဖွင့်လှစ်သော  ကျောင်းပြင်ပ ပညာရေးသင်ယူနေသည့် ကျောင်းသူများအတွက် အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရေဖြူမြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ယာဉ်မောင်း(မွမ်းမံ)သင်တန်း ဖွင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအား ယာဉ်မောင်း(မွမ်းမံ)သင်တန်းအမှတ်စဉ်(၇/၂၀၂၆)ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်၉နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ကျန်းမာရေး စားသုံးသူကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေး၊ စားသုံးသူကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် မြန်မာ့တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို၊ ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီက မြို့မ မူလတန်းလွန် ကျောင်းတွင် ပြုလုပ်သည်။

ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက်ကလေးငယ်များ   ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ ဆေးရုံ၊ အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီ ၂ ရက် နံနက် (၇) နာရီက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

တောင်သာမြို့၌ ၂၀၂၆ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြော

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၂ရက် နံနက် ၁၁ နာရီက အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်"ဘဝအလင်းသစ်"စာကြည့်တိုက်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရယ် ကင်းရှင်းရေးအသိပညာပေး ပြပွဲ၊ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍  စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး  အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀နာရီခွဲက သင်္ဂတုံကျေးရွာရှိ "ဘဝအလင်းသစ်" စာကြည့်တိုက်၌  ကျင်းပသည်။

ဘုတ်ပြင်းမြို့၌ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင်(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်(၆)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ ရာမညနိကာယသုခကာရီမွန်ကျောင်းတွင် ကျင်းပသည်။
Subscribe to