ရန်ကုန် ဖေဖော်ဝါရီ ၃
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ မသန်စွမ်းမှတ်ပုံတင်လက်မှတ်ရှိသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်က နိုင်ငံတော်မှ မသန်စွမ်းများအား ထောက်ပံ့ကူညီပေးလျက်ရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် သန်လျင်မြို့နယ်အတွင်းမှ မသန်စွမ်းမှတ်ပုံတင်လက်မှတ်ရှိသူ (၁၂၆)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃)သောင်းစီကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)