ထန်းတပင် (ပဲခူး) ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးသူ ဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံမှုရှိစေရေးအတွက် အသိ သတိရှိကြရန် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မြို့မဈေးအတွင်းပြုလုပ်ခဲ့သည်။
ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြမီးငြိမ်းသတ်ခြင်း ဈေးဝန်ထမ်းများနှင့် ဈေးသူဈေးသားများက လက်တွေ့မီးငြိမ်းသတ်ခြင်း မီးသတ်မော်တော်ယာဥ်ဖြင့် ရေပက်ဖြန်းခြင်း ဈေးဆိုင်ခန်း များအတွင်းလျှပ်စစ်ဝါယာသွယ်တန်းမှုများ ရေကန်များစစ်ဆေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန်နှင့်ဝန်ထမ်းများကဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးပြုလုပ်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ မြို့နယ်မီး သတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ ဈေးသူဈေးသားများ လာရောက်အားပေးခဲ့ကြပြီး မြို့မဈေးအတွင်းမီးဘေး ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)