ဖြူး ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖြူးမြို့ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်မိုးဦးဆောင်၍ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်း၊ ကျန်းမာရေးဝန်ထမ်းများမှ အဘိုး၊ အဘွား (၄၄) ဦးတို့အား နှလုံး၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်းနှင့် လက်တလောဖြစ်ပေါ်နေသည့် ကျန်းမာရေးအခြေအနေများအားစစ်ဆေးပေး၍ ဆေးများပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းနှင့် ထိုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဥ်ဆောင်ရွက်ပေးကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)