ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကရာတေးသင်တန်း စတုတ္ထအကြိမ် (အခမဲ့)ဖွင့်လှစ်

ကျောက်ဆည် စက်တင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရေးရန် ရည်ရွယ်၍  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၄)နာရီက အခြေခံ ကရာတေးသင်တန်း စတုထ္တအကြိမ်(အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခြေခံ ကရာတေးအားကစား ပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများသန်မာစေခြင်း၊ ကာယပိုင်း၊ ဉာဏပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါများ ဖြစ်စေနိုင်သည့် အခွင့်အလမ်းများလျော့နည်းစေခြင်း၊ ကိုယ်အလေးချိန်ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်ပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင် ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း  စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။

သင်တန်းတွင် အခြေခံအကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ ခြေကန်နည်းများ သင်ကြားပေးလျက်ရှိကြောင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန် သည့် လူငယ်များဖြစ်လာစေရန်အတွက် အခြေခံရှေးဦးပြုစုခြင်းသင်တန်း၊ အခြေခံကွန်ပျူတာ သင်တန်း၊  Myanmar Fitness Dance သင်တန်း၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံ အင်္ဂလိပ်စာသင်တန်း၊ အေရိုးဗစ်သင်တန်း၊ စာစီစာကုံး ရေးသားနည်းသင်တန်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း၊ ပလတ်စတစ်ခြင်းယက်လုပ်မှုသင်တန်း၊ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းများ အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်၊ ခရိုင်(ပြန်/ဆက်)