ကဝမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကဝ စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဆွေဇင်ဝင်းက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊ ဆရာ/ ဆရာမများအနေဖြင့် မိမိကျောင်းရှိ (၁.၉.၂၀၁၁)မှ (၃၁.၈.၂၀၁၄) အတွင်း‌မွေးဖွားသည့် ကျောင်းသူများ၏စာရင်းကို ကောက်ခံပေးရန်နှင့် ဆေးထိုးရန်အကြုံးဝင်သည့် ကျောင်းသူများအား ကာကွယ်ဆေးထိုးပေးရန်အတွက် မိဘ၏သဘောတူညီချက်ပါရှိရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ကဝမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းများမှ ဆရာ/ ဆရာမ (၅၀) ဦးတက်ရောက်ပြီး ကာကွယ်ဆေးကို (၁၈.၉.၂၀၂၃) ရက်နေ့တွင် စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)