သတင်းများ

ပဲခူးမြို့၌ သဘာဝငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
Oct 26,2025
တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေး၊ သဘာဝနည်းလမ်းအတိုင်း ရှင်သန်ပေါက်ဖွား နိုင်စေရေး၊ ရေနေသတ္တဝါများ၏ ဇီဝစနစ် ပြန်လည်ရှင်သန်စေနိုင်ရေးနှင့် ရှေးဟောင်းကျုံး ရေရှည်တည်တံ့ စေရေးရည်ရွယ်၍ ပဲခူးမြို့၊ ရန်ကင်းသာပန်းခြံအနီးရှိ ဟံသာဝတီရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်းသို့ တိုင်းရင်းငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
နောင်ချိုမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်-၃ကွင်းဆင်းဆောင်ရွက်
Oct 26,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်-၃ ဖြင့် အောက်တိုဘာ ၂၅ရက်က အထက(၁) ၌ ဇီဝအချက်အလက်များကောက်ယူ၍ e-ID ကတ်များ ဆောင်ရွက်သည်။
စမ်းချောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်‌‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်‌နေ့မွန်းလွဲ (၂) နာရီက အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဖျောက်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ Biometric ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ Boimetric ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များ စုပေါင်းကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ
Oct 26,2025
စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့၌  တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် မိသားစုနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်၌ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကျင်းပ
Oct 26,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်တော်ကို အောက်တိုဘာ (၂၃)ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ မြို့လုံးကျွတ်အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Oct 26,2025
ရှမ်းပြည်နယ်​(မြောက်ပိုင်း)နောင်ချိုမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့လုံးကျွတ်အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်း ဆောင်ရွက်
Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ကွန်ဒိုတိုက်ခန်းများနှင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက် တစ်အိမ်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၁)နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။