သတင်းများ

မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး
Jul 20,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက အမက(၁၃) ကျောင်းတွင် ပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သန့်စင်စက်ဖြင့် ဆေးကုသနေမှုနှင့် စိုက်ပျိုး‌ရေးဦးစီးဌာန ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားရှိမှုအားသွားရောက် ကြည့်ရှု
Jul 20,2026
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီး၌ ပြည်သူများအား ကျန်းမာရေး‌စောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီက အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်လှစ်ပို့ချ
Jul 20,2026
မန္တလေးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၀ရက် နံနက်ပိုင်းက မန္တလေးပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)တွင် ကျင်းပသည်။
ဘုတ်ပြင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်
Jul 20,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ကျေးလက်ဒေသဖွွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  သဘာဝမြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၀ ရက်က ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂) ကျွေးရွာရှိ ကျေးရွာပိုင်အဆောက်အဦး၌ ကျင်းပသည်။
ကရင်ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အမှတ်စဉ်(၁၆)ဒီပလိုမာလက်မှတ်အပ်နှင်းပွဲနှင့်အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲကျင်းပ
Jul 20,2026
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကရင်ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ အမှတ်စဉ်(၁၆) ဒီပလိုမာလက်မှတ်အပ်နှင်းပွဲနှင့် အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခွဲက ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလားတက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံပေါင်းစုံအမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲကျင်းပ
Jul 20,2026
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား / အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင် သံဃနာယက၊ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်
Jul 20,2026
တနင်္သာရီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဂိုဏ်းပေါင်းစုံ၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် သံဃနာယက၊ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ သာသာနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိ လူနာ၏ နေအိမ်ပတ်ဝန်းကျင်အား အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက်
Jul 20,2026
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ပိုးတွေ့ရှိလူနာ၏ နေအိမ်နှင့် ပတ်ဝန်းကျင်အိမ်များအား အဘိတ်ဆေးခပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။