လပွတ္တာမြို့နယ်အတွင်းရှိ သဘာဝမြစ်၊ ချောင်း၊ ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်
Aug 25,2023
ငါးသယံဇာတများ ပေါများစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရေးနှင့် ပြည်သူများ ငါးရိက္ခာဖူလုံစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သဘာဝမြစ်ချောင်းရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက လပွတ္တာ-မြောင်းမြကားလမ်းဘေးရှိ လေးအိမ်တန်းတမံချောင်းတွင်ကျင်းပပြုလုပ်သည်။