မြို့သစ်မြို့မဈေးကြီးအတွင်း အသားဆိုင်များသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

မြို့သစ် အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း (အမဲသား၊ ဝက်သား၊ဆိတ်သား)အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို  ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ပြီး မြို့မဈေးအတွင်းရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော(အမဲသား၊ ဝက်သား၊ ဆိတ်သား)အသားများ၏ ဈေးနှုန်းများကို ဆိတ်သားတစ်ပိဿာ၁၆၀၀၀/ကျပ်၊ အမဲသားတစ်ပိဿာ( ၁၃၀၀၀)ကျပ် ၊ဝက်သားတစ်ပိဿာ( ၁၂၀၀၀)ကျပ်စျေးဖြင့်ရောင်းချရန် အသားအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)