ဗဟန်းမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ဗဟန်း အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ ယမန်​နေ့နံနက် ၁၁း၀၀ နာရီက ဗဟန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူမှူ​ရေးပင်စင်​ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦအောင်ကိုလတ်နှင့် အဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူး (၂၂)ဦးအား ရပ်ကွက်အတွင်းရှိ အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာ​ရောက် သွား​ရောက်ပေးအပ်ရန်​​ ​ထောက်ပံ့ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဗဟန်းမြို့နယ် ရပ်ကွက် (၂၂) ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့် ဘိုးဘွား(၄၉၇) ဦးတို့အတွက် ထောက်ပံ့ခဲ့ခြင်းဖြစ်၍ ရပ်ကွက်အုပ်ချုပ်​ရေးမှုးများကလည်း ဆက်လက်ပြီး အိမ်တိုင်ရာ​ရောက်လိုက်လံ​ ပေးအပ်​ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်