သတင်းများ

သာစည်မြို့နယ်တွင် စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ဆက်လက်ရောင်းချ အောင်သူခ ရွှေဆိုင်နှင့်ဆန်၊ ဆီရောင်းဝယ်ရေးမိသားစုမှ ဆန်များဝေငှလှူဒါန်း
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV  အကြောင်း  အသိပေး ဆွေးနွေး
Sep 15,2023
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Youth Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်
Sep 15,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း (Youth Club) တို့ ပူးပေါင်း၍ ဘုန်းမြင့်သွေး (သုတေသီ) ရေးသားသည့် “အောင်မြင်ကြီးပွားရေးနှင့်ကိုယ်ရည်ကိုယ်သွေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ကျင်းပခဲ့သည်။
သံတွဲမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကျင်းပ
Sep 14,2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉ နာရီက သံတွဲမြို့၊ ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဖျာပုံမြို့၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်း တွေ့ဆုံ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို မြင်းကဆိပ်ကျေးရွာအုပ်စု၊ မြင်းကဆိပ်ကျေးရွာရှိ စာသင်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ပုသိမ်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Sep 14,2023
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့်အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။