တာလေ စက်တင်ဘာ ၃၀
အများပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၇ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ်(၃)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာလေမြို့ အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နန်းခမ်းလွတ် ဉီးဆောင်သော အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ် (၃)ရပ်ကွက်နေ ပြည်သူများနှင့် ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မိုးရာသီကာလတွင်အဖြစ်များသော ခြင်ကိုက်ခံရခြင်းမှတဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူနေအိမ်များနှင့် ကျောင်းပတ်ဝန်းကျင်တွင် ခြင်များ မခိုအောင်းနိုင်စေရန် မိုးရေတင်ကျန်နိုင်သော တာယာစုတ်၊ ရေအိုး၊ ရေခွက်၊ ရေတိုင်ကီ၊ ဘုရားပန်းအိုးနှင့် သောက်သုံးရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ကာ အဘိတ်ဆေးခတ်ခြင်း၊ ဆေးထည့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)