ကာလိ အောက်တိုဘာ ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကာလိမြို့၌ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင် ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတ များကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာလျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ) (ကျိုင်း လွန်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော် က လူငယ်များအတွက် ပညာရေးသည် အဓိကဖြစ်ကြောင်း ၊ ငယ်စဉ်မှစ၍ ပညာကြိုးစားသင်ယူစေလို ကြောင်း၊ ဘဝရည်မှန်းချက်ပန်းတိုင်များရှိစေလိုကြောင်း၊ ပညာရေးကဏ္ဍအပြင် စာရိတ္တမြင့်မားစေ လိုကြောင်း အသိပညာပေးဟောပြောပြီး ဆရာမ ဒေါ်အိအိဖြူက ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ကျောင်းစာသင်ယူမှုအပြင် ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်စေလိုကြောင်း စာပေဗဟု သုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှု့လေ့လာစေလိုကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ခဲ့ကြကြောင်း သိရသည်။
ပြန်/ဆက်