သတင်းများ

တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုများအပေါ် အရှိန်အဟုန်ဖြင့် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်လျက်ရှိ
Oct 13,2023
ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုများအပေါ် အရှိန်အဟုန်ဖြင့် ချက်ခြင်းတုံ့ပြန် ဆောင်ရွက်နေမှုတို့အား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်လှစ်
Oct 13,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ခရေမြိုင် ကျေးရွာ၊ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းပေးမှုနှင့်အတူ ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ နေ့စဉ် နံနက်ရုံးဖွင့်ချိန်မှစတင်၍ အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ  လာရောက် ငှားရမ်း ဖတ်ရှုခဲ့ကြောင်း သိရသည်။
သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 13,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံရှုံးနိုင်ခြေ လျော့ချရေးရေးနေ့ အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေး၊ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီက အနောက်ဈေးလေးနှင့် မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်တွင် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ် ၂ ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ ကျင်းပ
Oct 13,2023
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် အမှတ် (၉၀၅) အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်းဝင်ရောက်လာသည့် လူငယ် ၂ ဦးနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
တောင်ကုတ်မြို့၌ အခမ်းအနားမှူးသင်တန်းဆင်းပွဲကျင်းပ
Oct 13,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး ဖွင့်လှစ်ခဲ့သော အခမ်းအနားမှူး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အာစရိယ မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အာစရိယ မြတ်ဆရာကန်တော့ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘက်စုံသုံးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကျင်းပ
Oct 13,2023
ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့်စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၇/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်မြို့တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC )ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။