မိုင်းပျဉ်းမြို့၌ “အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး”အသိပညာပေး Talk Show ဆောင်ရွက်

မိုင်းပျဉ်း နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁ နာရီက “အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် မိုင်းပျဉ်းမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက Online အသိပညာပေး Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ လစဉ်ဆောင်ရွက် လွှင့်တင်ပေးနေရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် မိုင်းပျဉ်းမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုရီက အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုများ၊ အကြမ်းဖက်ခြင်း(၅)မျိုး၏ အကြမ်းဖက်မှုပုံစံများ၊ အကြမ်းဖက်မှုကို လွှမ်းမိုးနေသောအကြောင်းအရင်းများ၊ အကြမ်းဖက်မှုဖြစ်ရခြင်း၏ အကျိုးဆက်များ၊ အကြမ်းဖက်မှုမခံရစေရန် နေထိုင်သတိမူရမည့်အချက်များ စသည်တို့အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

အမျိုးသမီးများအား အကြမ်းဖက်မှာပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ရုံးရွှေနမ့်ပိန်း(page)မှ လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး (ပြန်/ဆက်)