မိုင်းတုံ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မပန်းခြံထောင့်၌ ၂၄နာရီ Helpline ဝန်ဆောင်မှု ဆိုင်းဘုတ်လွှင့်ထူခြင်းကို ၂၀၂၃ ခုနှစ်၊ ယနေ့နံနက် ၁ဝ နာရီ ၁၅ အချိန်က ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီနီထွန်းဦးဆောင်၍ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်လူမူဝန်ထမ်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ၂၄ နာရီ Helpline ဝန်ဆောင်မှု ဆိုင်းဘုတ်ကို နံနက် ၁၀ နာရီ ၁၅ တွင်ဆိုက်ထူပြီး ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီနီထွန်းက ဆိုင်းဘုတ်အား အောင်သပြေများပက်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့သည်။ ယင်ဆိုင်းဘုတ်တွင် တိုင်ကြားနိုင်သည့်ဖြစ်ရပ်များဖြစ်သည့် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကျားမအခြေပြုအကြမ်းဖက်မှု၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များ၊ တိုင်ကြားမှုများအားဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေး အကူအညီပေးသွားမည့်အချက်များ ဖော်ပြထားကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)