သတင်းများ

နတ်မောက်မြို့နယ် ချောင်းနက်ကျေးရွာတွင် ဆီထွက်သီးနှံနေကြာများ အောင်မြင်ဖြစ်ထွန်း
Jan 01,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ချောင်းနက်ကျေးရွာရှိ တောင်သူများသည် ဆီထွက်သီးနှံနေကြာများကို အလေးထားစိုက်ပျိုးလာကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးသူ ဦးထွန်းထွန်းထံက သိရသည်။
နွားထိုးကြီးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 01,2024
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘင်ခရာပစ္စည်း၊ဝတ်စုံများ ပေးအပ်ပွဲနှင့်သတန်းဆင်းပွဲ တတ်ရောက်ပေးအပ်
Jan 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘင်ခရာပစ္စည်း၊ ဝတ်စုံများ ပေးအပ်ပွဲနှင့် သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သော်ကဆောင်)ခန်းမ၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံပန်းနှမ်း သတ်မှတ်လျာထားဧက စိုက်ပျိုးပြီးစီး
Jan 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်၍ ဆီထွက်သီးနှံပန်းနှမ်းစိုက်ပျိုးခြင်းကို သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်သာမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 01,2024
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးမှ ဝန်ထမ်းများက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများအား အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၁၁း၃၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် ၂၀၂၄ နှစ်သစ်ကူးခြင်းကို နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကို တပျော်တပါးကြိုဆိုခဲ့ကြ
Jan 01,2024
၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းပြီဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်သစ်ကူးပြောင်းခြင်းကို နိုင်ငံသူနိုင်ငံသားများက ညဉ့်နက်သန်းခေါင်းယံအထိ စောင့်ဆိုင်း၍ နှစ်သစ်ကိုကြိုဆိုခြင်းအထိမ်းအမှတ် ပျော်ရွှင်ဖွယ်ရာများနှင့်အတူ ကြိုဆိုခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် သူနာပြုသားဖွားသင်တန်း ကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။