သတင်းများ

မြင်းခြံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ
Jan 01,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း  သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လှုပ်လှုပ်ရှားရှားအားကစားပြိုင်ပွဲများ ကျင်းပ
Jan 01,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၉) နာရီက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လှုပ်လှုပ်ရှားရှားအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပအခြေခံပညာအထက်တန်းကျောင်းခွဲတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 01,2024
ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ
Jan 01,2024
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် အသိပညာပေးဖြန့်ဝေပေးလျက်ရှိသည်။
ချောက်မြို့ စက်မှုလက်မှုသိပ္ပံကျောင်းတွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ
Jan 01,2024
 မ​ကွေးတိုင်း​ဒေသကြီး၊​​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)မှ ဆရာ၊ ဆရာမနှင့်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးရည်ရွယ်၍ ယနေ့နံနက်(၈)နာရီအချိန်က အမှတ်(၁၅)ရပ်ကွက်၊ တိုးချဲ့ရပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်) ကျောင်းဝင်းအတွင်း၌ ​ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်
Jan 01,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 01,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများမူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲများကျင်းပ
Jan 01,2024
တောင်သာမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်ကစ၍ မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်၊၊