မြင်းခြံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

မြင်းခြံ ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း  သိရသည်။

“(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပန်းချီပြိုင်ကိုတော့ ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိအောင် ကြိုးပမ်းမှုများ၊ လွတ်လပ်ရေး၏ အနှစ်သာရများကို ပန်းချီတစ်ချပ်တွင် ပေါ်လွင်မြင်သာအောင် ယခုလို ပန်းချီပြိုင်ပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောကြားခဲ့သည်။

အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲသို့ မြင်းခြံမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲအား ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)