သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထူးချွန်သူများအား ဂုဏ်ပြုသည့် ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်
Jan 29,2024
ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ပထမဆုနှင့် ထူးချွန်သူများအား ဂုဏ်ပြုသည့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူများက “အဖက်ဖက်ကပညာရွှေပြည်” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့် ပြီးစီး
Jan 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာတွင် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တောင်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 29,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေပေး
Jan 29,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့မဈေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community centre)အစည်းအဝေးခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာနအစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က Book Club နှင့်ပူးပေါင်း၍ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ချောက်မြို့၌ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​​ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်​ဆေး
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်သို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း မီး​ဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ပေးအပ်
Jan 29,2024
ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့် တောင်သူများထံသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ထန်းကောက်ကျေးရွာအုပ်စု၊ ထန်းကောက်ကျေးရွာတွင် ကျင်းပပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြတ်ထွန်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ နွေစပါးစိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။