မြို့သစ် ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့်ရသင့်ရထိုက်သော ဓာတ်အားခများမှန်မှန်ကန်ကန်ရရှိရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးမျိုးဇော်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမြတ်ကိုကိုဦးဆောင်သည့် မီတာစစ်ဆေးရေးအဖွဲ့မှလူနေအိမ်များ၊ အလုပ်ရုံများ၊ ဈေးဆိုင်ခန်းများသို့သွားရောက်၍ မီတာများလိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)