မိုင်းဖြတ် ဩဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းမြတ်ရည်ဝင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မျာနှင့် ဦးစီးဌာနလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးစီးမှူး ဦးမောင်မောင်စိုးက မိုးရာသီတွင်ဖြစ်ပွားတတ်သည့် မိုးကြိုးဘေး၊ ရေကြီးရေလျှံဘေး၊ မြေပြိုဘေးအကြောင်းသိကောင်းစရာများနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားချိန် လိုက်နာဆောက်ရွက်ရမည့်အချက်များကို ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများကို ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုဖိုင်အား ပညာပေးပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)