သတင်းများ

အ.ထ.က ငါးသိုင်းချောင်းမြို့တွင် လူငယ်စကားဝိုင်းကျင်းပ
Jan 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉:၃၀)နာရီတွင် အ.ထ.က(ငါးသိုင်းချောင်း)၌ ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် Grade-9 စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Jan 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် Grade-9 စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေး
Jan 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံ၊ ဒေါ်သန်းတင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့က အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား (Pfizer Original) ထပ်ဆောင်း ထိုးနှံပေးခဲ့သည်။
စစ်ကိုင်းခရိုင်ရုံး Community Centre တွင် အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၄)ဖွင့်လှစ်
Jan 19,2024
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက် နံနက်(၉)နာရီအချိန်က စစ်ကိုင်းခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့တွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကျင်းပ
Jan 19,2024
စစ်ကိုင်းမြို့တွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်း ပွဲကို ဇန်နဝါရီ (၁၉) ရက်၊ နံနက် (၁၀) နာရီက စစ်ကိုင်းမူလတန်းကြိုကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း ကန်တုံကွင်း၊ မုတ်လွှဲကွင်းတို့တွင် လယ်သီးထပ်ဆောင်းသီးနှံစိုက်ခင်းများစိုက်ပျိုးဆောင်ရွက်နေမှုနှင့် အသားတိုးကြက်မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 19,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် လယ်မြေ၊ ဥယျာဉ်ခြံများတွင် သီးထပ်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၁၈ ရက် ညနေ ၃ နာရီတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ စိုက်ကွင်းများအတွင်း လယ်သီးထပ်ဆောင်းသီးနှံစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျောက်တံခါးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများပြုလုပ်
Jan 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲများကို ယမန်နေ့နေ့လယ်က အ-လ-က(မင်းတန်း)နှင့် အ-လ-က(ဒိုးတန်း)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာ အခြေခံသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီး အစိုးရ၏လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။