သတင်းများ

ငဖဲမြို့နယ် မင်းလွင်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဉပဒေအကြောင်းအရာများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က မင်းလွင်ကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်သော ရေရရှိရေး လုပ်ငန်းများ ရာနူန်းပြည့်ပြီးစီး
Mar 01,2024
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ဗျိုင်းအင်းကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Mar 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မင်းလှမြို့၌ ပြည်သူ့စစ်မှုထမ်းဥပ ဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီချန်က ပြုလုပ်ခဲ့သည်။
ငပုတော မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ဖြန့်ဝေပေး
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀) နာရီအချိန်တွင်မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများက ပူးပေါင်း၍ ပြည်သူများလက်ဝယ် အရောက်ဖြန့်ဝေပေးခဲ့သည်။
ရေရရှိရေးစနစ်များ အခြေပြုထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲနှင့် ရေရရှိရေး လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနား ကျင်းပ
Mar 01,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် ရေရရှိရေး လုပ်ငန်းရာနူန်းပြည့် ဆောင်ရွက်ပြီးစီးသဖြင့် ရေရရှိရေး စနစ်များ အခြေပြုထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲနှင့် ရေရရှိရေး လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ လဲဘူးကျေးရွာ၌ ပြည်တွင်းထုတ် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှကြီးမှူး၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဥ်ဖြင့် တီထွင်ထုတ်လုပ်ထားသော ပြည်တွင်းထုတ် AGRO FUTURE MYANMAR တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသခြင်းကို လဲဘူးကျေးရွာ၊ ကွင်းအမှတ် (၅၅၇) တောင်သူဦးသိန်းလွင်၏ နွေစပါး (၅) ဧက၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြာ မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော၊ မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့မဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။