တိုက်ကြီး ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဖိုးခေါင်ကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် မြင့်မြတ်မွန်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေ၊ တာဝန်ခံ အင်ဂျင်နီယာနှင့် ကုမ္ပဏီမှတာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးသည်။
နန်းတော်ကုန်းကျေးရွာ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒဿမ ၉၂၆ သန်းဖြင့် ရေစက်ရုံ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဂါလံ ၂၀၀၀ ဆံ့အုတ်ရေကန် အလျား ၁၂ ပေ၊ အနံ ၆ ပေ၊ အမြင့် ၇ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် မြင့်မြတ်မွန်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပါက ၎င်းကျေးရွာရှိ အိမ်ခြေ ၆၂ လုံးခန့်နှင့် လူဦးရေ ၂၂၈ ဦးခန့်မှာ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)