ရွှေဘိုမြို့အ.ထ.က (၁) စက်မှု၊စိုက်ပျိုး၊​မွေးမြူ​ရေး အထက်တန်း​ကျောင်း၌လူငယ်စကားဝိုင်းကျင်းပ

ရွှေဘို သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့အမှတ် (၁) အ​​ခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်​အေးမြမွန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဗီဒီယို Clip နှစ်ခုအားပြသခဲ့သည်။

ထို့​နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိဒေါ်​အေးမြင့်စန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ ​စက်မှု၊စိုက်ပျိုး၊​ မွေးမြူ​ရေးအထက်တန်း​ကျောင်းမှ မောင်​အောင်​ကောင်းမြတ်မိုး (စိုက်ပျိုး) က"လူငယ်နှင့်အသိပညာ"၊ မပိုးအိရွှင် (စိုက်ပျိုး) က"လူငယ်နှင့်အတတ်ပညာ"​ မောင်ဇွဲသီဟ (စက်မှု) က"လူငယ်နှင့်​ပညာ​ရေး"၊​ မနှင်းသက်​ဝေ (မွေးမြူ​ရေး)က"လူငယ်နှင့်ကိုယ်ကျင့်တရား"​မောင်ရဲဝင့်သူ (စက်မှု) က"လူငယ်နှင့် SocialMedia"ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင် ဆွေးနွေးသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်​ဖြေကြားခဲ့ပြီး​နောက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ် စာစောင်များနှင့် စာအုပ်၊စာစောင်များအား ကျောင်းသား/ကျောင်းသူ‌များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အေးမြင်စန်း

ခရိုင် (ပြန်/ဆက်)