ညောင်တုန်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာ အောင်သင်း ရေးသားသော “ကိုယ့်ကိုကိုယ် ပြဋ္ဌာန်းခြင်း”စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်အား ပြောကြားပြီ မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)ဥက္ကဋ္ဌ ဦးစန်းမြင့်နှင့် (Woman Club) အဖွဲ့ဝင် ဒေါ်လှိုင်ဇာချိုဝတီမြင့်၊ ဒေါ်မိုးလှနွယ်တို့က ဦးဆောင်၍ “ကိုယ့်ကိုကိုယ် ပြဋ္ဌာန်းခြင်း” စာအုပ်ပါ ဝလုံး ကလေးဝိုင်းဝိုင်းရေး၊ ပုံဆိုးကြီးတဲ့၊ သူတို့သားအဖ၊ ကိုယ့်ကိုကိုယ် ပြဋ္ဌာန်းခြင်း၊ မိဘပေးသောအမွေ စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ပြီး သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်ပြပွဲများ ပြသခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)