သတင်းများ

တမူးမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အသုံးပြုမှုမရှိစေရေး ရှောင်တခင် စစ်ဆေး
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ တရားမဝင်တင်သွင်းခြင်းနှင့် ရောင်းချခြင်း၊ မောင်းနှင်အသုံးပြုခြင်း မရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တမူးမြို့တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က မြို့မကျောင်းတိုက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်း၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပု‌တောမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန် သစ်တောသစ်ပင် ပြုန်းတီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ငပုတောမြို့ ပြည်သူ့‌ဆေးရုံဝန်းအတွင်းတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ပလောက်မြို့တွင် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြား
Jun 05,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာတွင် ယနေ့တွင်ရောက်ရှိသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့၌ ထိုင်းဘာသာဖြင့် ကုန်ညွှန်းအမှတ်သားဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 05,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်ညွှန်းအမှတ်သား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြား
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းများတွင် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဆရာ၊ ဆရာမများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီး‌‌ကျောင်းများရှိ ကျောင်းသား/သူများအား စတင်ပညာသင်ကြား‌‌ ပေးလျက်ရှိကြောင်းသိရသည်။