သတင်းများ

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jun 05,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 05,2025
“ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ သရက်ခရိုင်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ငပုတော‌မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ငပုတောမြို့နယ်ဖျန်ရေကျော်ကျေးရွာရှိ ဒေသခံပြည်သူများအား ဖျန်ရေကျော်ကျေးရွာ ဘုန်းတော်ကြီကျောင်း ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မကူးစက်တတ်သောရောဂါများ ရှာဖွေကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 05,2025
မန္တလေးတိုင်းဒေသကြိး ငါန်းဇွန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မကူးစက်တတ်သောရောဂါများ ရှာဖွေကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်ဆရာတော်ဦးဆောင်သော ဘာသာရေးအဖွဲ့ ငလျင်ဒဏ်သင့် ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်
Jun 05,2025
ဗီယက်နမ်ဆရာတော်နှင့်အဖွဲ့သည် ငလျင်ဒဏ်သင့်ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ လမ်း ၈၀၊ ၃၂×၃၃ လမ်းကြားရှိ အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း၊ မေတ္တာရိပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လူ/ယာဥ်/စက်၊ ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လာရောက်ကြည့်ရှုစစ်ဆေး
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ဇွန်လ ၃ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်စခန်းတွင် သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အသင့်အနေအထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဖြန့်ဝေ
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ သိပ္ပံလမ်းနှင့် အထက(၁) လမ်းဆုံတွင် ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်မှုဖြင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေးအတွက်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ပလောက်မြို့၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်
Jun 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၇ နာရီခွဲက အမှတ်(၁) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးတွင် သက်ဆိုင်ရာအဖွဲ့များပူးပေါင်း  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။