ဒေးဒရဲမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော သစ်ပင် တန်ဖိုးများကို အများပြည်သူများ အလေးထား သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက်(၈)နာရီက ဒေးဒရဲမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ စိန္တာမုနိဘုရားကြီးကျောင်းတိုက်ပရဝုဏ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။