လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ မှအမှတ်(၆)ရပ်ကွက် နဝဒေးခန်းမတွင် မတ်လ(၂၅)ရက်နေ့ (၁၁)နာရီ၌ အသိပညာပေး ဟောပြောပွဲ  ကျင်းပပြုလုပ်သည်။

အသိပညာပေး ဟောပြောပွဲတွင် ပြည်သူများနှင့် လူငယ်လူရွယ်လေးများအား သက်ဆိုင် ရာတာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းခြင်းနှင့် ပတ်သက်သည့် အမျိုးသားရေးတာဝန်များ၊ ပြည်သူများအနေဖြင့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ရန် မလိုအပ်သည့်အကြောင်း၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလအပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ် ရန်ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရသည့် အကြောင်းအရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်မင်းကိုမှ (Power point)ဖြင့် ရှင်းလင်းပြောကြားပြီး  ဥပဒေပြဌာန်းချက်ပါ အချက်အလက်များနှင့် လက်ကမ်းစာစောင်များကို ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးများအား ဖြန့်ဝေလျက်ရှိသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ စုစုပေါင်း (၃၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)