သတင်းများ

လယ်ဝေးမြို့နယ်အတွင်း မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jun 06,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပသည့် လယ်ဝေးမြို့နယ်အတွင်း ယင်လုံအိမ်သာ ရာနှုန်းပြည့် ဆောက်လုပ်သုံးစွဲရေးအတွက် အသိပညာပေးခြင်းနှင့် အိမ်သာခွက်များပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ကျောက်ပန်းတောင်း-ချောက်ကားလမ်းမှ တံခါးမ-ရွာပု ကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jun 06,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက်ပန်းတောင်း-ချောက် ကားလမ်းမှ တံခါးမ-ရွာပု  ကျေးရွာ အဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ(၂:၃၀)နာရီက ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို   အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Jun 06,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနာကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ အ‌‌ခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ဇွန်လ ၂ ရက်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ရာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိ
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ အ‌‌ခြေခံပညာစာသင်ကျောင်းများကို ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 05,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၄)ရက်နေ့၊ နေ့လယ်(၁၂)နာရီအချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၊ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိပြီး အစိုးရပါဠိပထမပြန်စာမေးပွဲကိုလည်း ထန်းတပင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် ပထမပြန်ကြီးကြပ်ရေးဆရာတော်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။