ကျောက်ဖြူ မေ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးများအချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရေးနှင့်တစ်ဧကပန်းတိုင်အထွက်နှုန်းများ ရရှိနိုင်ရန်ရည်ရွယ်၍ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကျေးရွာ၊ ကွင်းအမှတ်(၄၅၁) နေရာတွင် ကျင်းပသည်။
ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက တောင်သူများအား မိုးစပါးများ အချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး၊ အဓိကဖြစ်သည့် မြေဆီလွှာဖွံ့ဖြိုးပြီးအားကောင်းစေရန်အတွက် မိုးကြိုနွေထယ်ရေးထွန်ခြင်းနှင့်မြေဆီလွှာကောင်းမွန်စေရန် သစ်စိမ်းမြေဩဇာများဖြစ်သည့် (သစ်စိမ်းမြေဩဇာမျိုးစေ့)များကို ကြဲပက်လျက် မြေကိုပြန်လည်ဖုံးကာ လက်တွေ့ပြသမှုများအား ဆောင်ရွက်ပြီး ကွင်းသရုပ်ပြပွဲသို့တက်ရောက်လာသည့် တောင်သူများကို ပညာပေးများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွင်းသရုပ်ပြကို အနီးနားကျေးရွာ(၆)ရွာမှ တောင်သူများကို ဖိတ်ကြားကာ ပညာပေးဆောင်ရွက်ခြင်းများကိုပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)