ကရသူရိ မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက် ကလေးများအကြိုက်ပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များ၌ စာကြည့်တိုက်သို့ လာရောက်ကြသည့် ကလေးများ အသိပညာဗဟုသုတရရှိပြီး စိတ်ပျော်ရွှင်လန်းစေရေး ၎င်းတို့အကြိုက် ပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ထိုသို့ပြုလုပ်ရာတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘောလုံးကောက်ပြိုင်ပွဲ တို့ကိုကလေးများ ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသူများကို မြို့ဦးစီးမှူးက မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြုလုပ်ခြင်းသည် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် စာကြည့်တိုက်မှပေးသော အသိပညာဗဟုသုတများ၊ အတတ်ပညာများရရှိရေး လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)