စလင်း မတ် ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်သုံးစွဲမှု လျော့နည်းသက်သာစေရန်နှင့် အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီ ၃၀အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များပါဝင်သော အဖွဲ့များလိုက်ပါ၍ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်အိတ် လျှော့ချသုံးစွဲရေးနှင့် အသားငါးစျေးနှုန်းအပါအဝင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကြီးကြပ်၍ မြို့မစျေးကြီးအဝင်ဆိုင်းပုဒ်ရှေ့နှင့် စျေးအတွင်းအပြင်ရောင်းချလျက်ရှိသည့် အသားတန်းနှင့် အသီးအရွက်ငါးရောင်းချသည့် စျေးဆိုင်ခန်းများ မိမိတို့ဒေသမှထွက်ရှိသော ကြာဖက်ငှက်ပျောဖက်များနှင့် အင်ဖက်စက္ကူတို့နှင့် ထုပ်ပိုးရောင်းချရန် ပလတ်စတစ်အိတ်များ အစားထုပ်ပိုးရာတွင် လွယ်သူစေသည့် ကြာဖက် ငှက်ပျောဖက်များကို အသုံးပြုကြရန်နှင့် ပလတ်စတစ်အိတ် အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများရှိစေနိုင်၍ မသုံးစွဲကြရန် ဟောပြောခြင်း အသားငါးများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများ ပြုလုပ်ရန်တို့ကို အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)