သတင်းများ

ချောင်းဆုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း
Apr 01,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ  မြို့နယ်အတွင်းရှိပင်လယ်ကမ်းစပ်နှင့်နီးသည့် ကျေးရွာများနှင့် နွေရာသီတွင်ရေရှားပါးသည့်ကွင်းရွာများရှိ  ရေလှောင်ကန်နှင့်နေအိမ်များသို့သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို  မတ် ၃၁ ရက်က ချောင်းဆုံမြို့နယ်  ဒေါင်းရပ်အနောက်ကျေးရွာသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
ညောင်တုန်းမြို့၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဖျာပုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မရဲ့ပျားမွတ်ကျေးရွာအုပ်စုနှင့် အမှတ်(၁၆)ရပ်ကွက်ရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယ​မန်နေ့နံနက်ပိုင်း အချိန်ကအဆိုပါ​ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင် တော်မူကြသောစာအောင် အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက် မှတ်ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားတက်ရောက်
Apr 01,2024
၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင် အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန် တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ငွေဆောင်မြို့တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဆိုင်းဘုတ်အသစ်တင်ခြင်း အခမ်းအနားကျင်းပ
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်   လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ပရိတ်တရားနာယူခြင်း၊ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူခြင်း၊ ဆိုင်းဘုတ်အသစ်တင်ခြင်းတို့အား ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များစုပေါင်း၍ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲ ပြုလုပ်ပေးသဖြင့် ဒေသခံတောင်သူများ အဆင်ပြေ
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအဖွဲ့က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီ ၊ Good Brother သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့နှင့်ပူးပေါင်းပြီး ကံသာကြီးကျေးရွာ၌ တောင်သူအစုအဖွဲ့များစုပေါင်းပြီး ပဲမျိုးစုံသီးနှံ စုပေါင်းရောင်းချပွဲကို မတ်လဒုတိယပတ်ကစပြီး စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ပဲမျိုးစုံသီးနှံလာရောက်ရောင်းချသည့် ဒေသခံတောင်သူများအတွက် အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သီးနှံရောင်းချခွင့်ရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
ဖျာပုံမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေး
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီအလိုက် တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများအား လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဧပြီလ ၁ ရက်နေ့ နံနက် (၁၁)နာရီအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ကျိုက်လတ်၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ အမည်ပြောင်းဆိုင်းဘုတ်တပ်ပွဲ အခမ်းအနား ကျင်းပ
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ အမည်ပြောင်း ဆိုင်းဘုတ်တပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်က အမှတ်(၃)ရပ်ကွက်၊ ကန်တော်ကြီးလမ်းရှိ မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။